Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် ၂၄၈ နှင့် ၂၄၉ တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိ မည်ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) တွင် မှတ်ပုံတင်နိုင်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှထောက်ခံချက်ပေးရမည့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့(Competent Authority)များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြစ်ပါသည်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ ထောက်ခံချက်ဖြင့် GACC တွင် မှတ်ပုံတင်ရမည့် ကုန်စည်အုပ်စု ၁၈ အုပ်စုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)   အသားနှင့် အသားထုတ်ကုန်များ (Meat and meat products)

(၂)    စားသုံးနိုင်သော ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးထုတ်ကုန်များအပါအဝင် ရေထွက်ကုန်များ (Aquatic Products Including edible and Farmed Products)

(၃)   နို့ထွက်ပစ္စည်းများ (Dairy Products)

(၄)   ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ (Nest and Bird’s Nest Products)

(၅)   အစာသွပ်ရန် အသုံးပြုသည့် အပေါ်ခွံအစွပ် (Casings)

(၆)   ပျားရည်နှင့် ပျားထွက်ပစ္စည်း (Bee products)

(၇)   ဥနှင့် ဥထွက်ပစ္စည်းများ (Egg and Egg Products)

(၈)   စားသုံးဆီနှင့် ဆီထွက်ပစ္စည်းများ (Edible Fats and Oils)

(၉)   အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင်သည့် (သို့မဟုတ်) အေးခဲထားသည့် ထုတ်ကုန်များ (Stuffed Pastry Products)

(၁၀)   စားသုံးနိုင်သော နှံစားသီးနှံများ (Edible Grains)

(၁၁)   သီးနှံကြိတ်ခွဲလုပ်ငန်းမှ ထုတ်ကုန်များနှင့် မုယောစပါး (Grain Milling Industrial Products and Malt)

(၁၂)   လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် တာရှည်ခံအောင် ပြုလုပ်ထားသည့် အခြောက်ခံထားသော ဟင်းသီးဟင်းရွက်များ (Fresh and Dehydrated Vegetables)

(၁၃)   ပဲမျိုးစုံ (Dried Beans)

(၁၄)   ဟင်းခတ်အမွှေးအကြိုင်များ (Seasonings)

(၁၅)   အခွံမာသီးနှင့် အစေ့များ (Nuts and Seeds)

(၁၆)   သစ်သီးခြောက်များ (Dried Fruits)

(၁၇)   မလှော်ရသေးသော ကော်ဖီစေ့နှင့် ကိုကိုးစေ့များ (Unroasted Coffee Beans and Cocoa Beans)

(၁၈)   အထူးအဟာရဖြည့် စားသောက်ကုန်များနှင့် ကျန်းမာရေးဆိုင်ရာစားသောက်ကုန်များ (Food for special dietary purpose functional food)  

အဆိုပါကုန်စည်အမျိုးအစား ၁၈ အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/ တင်ပို့မည့် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ်ဖြစ်သည့် https://cifer. singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။     

စားသောက်ကုန်များ တင်ပို့မည့် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ထောက်ခံချက်ဖြင့် ကုန်စည်အုပ်စု ၁၈ အုပ်စုအတွက် GACC တွင် မှတ်ပုံတင်ဆောင်ရွက်ခြင်းကို  GACC ၏ https://cifer.singlewindow.cn တွင် Online မှတစ်ဆင့် ဆောင်ရွက်ခဲ့သော်လည်း ယင်း ၁၈ အုပ်စု အနက်မှ စိုက်ပျိုးရေးစားသောက်ကုန်စည်အုပ်စု ၇ မျိုးဖြစ်သည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ (cocoa beans) {Unroasted coffee beans and cocoa beans} ၊ ဟင်းသီးဟင်းရွက်အစိမ်းများ {Fresh and dehydrated vegetables} ၊ ဟင်းခတ်အမွှေးအကြိုင်များ {Plant Seasonings (Plant Species)} ၊ စားသုံးနိုင်သည့် အစေ့အဆံများ {Edible grains} ၊ ပဲမျိုးစုံ {Dried Beans} ၊ ဆီထွက်သီးနှံများ {Oilseeds (Oil Plant)} ၊ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်သည့်တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများ {Chinese Traditional Medicines} တို့အား GACC ၏ အပင်နှင့် တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဌာန (China Department of Animal and plant Quarantine) မှ မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါကုန်စည်အုပ်စု ၇ ခု အတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီ/ လုပ်ငန်းများမှ ကိုယ်တိုင်ဆောင်ရွက်၍ မရဘဲ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့(Competent Auth- ority) ကသာ GACC ၏ အပင်နှင့် တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဌာနသို့ ၎င်းလျှောက်ထားမှုကို ဆောင်ရွက်နိုင်ပြီး စာ (သို့မဟုတ်) Email: [email protected] သို့ ပေးပို့ရမည် (သို့မဟုတ်) မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည် ဖြစ်ပါသည်။ မှတ်ပုံတင်ခွင့်ပြုသက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး သက်တမ်းတိုး ထပ်မံလျှောက်ထားမည်ဆိုပါက သက်တမ်းမကုန်ဆုံးမီ ၃ လ (သို့မဟုတ်) ၆ လ အတွင်း ကြိုတင်၍ လျှောက်ထားရန် လိုအပ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ ၁၇၉၅ ခုမှ ပေးပို့ထားသည့်စောင်ရေစုစုပေါင်း ၃၇၃၉ စောင်အား မှတ်ပုံတင်ရန်လျှောက်ထားပြီးဖြစ်ရာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ (Competent Authority) များဖြစ်သည့် စိုက်ပျိုးရေး ဦးစီးဌာနမှ ကုမ္ပဏီ ၁၆၂၀ ခု၊ စောင်ရေ ၃၅၆၄ စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ ၁၅၂ ခု၊ စောင်ရေ ၁၅၂ စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၄ ခု၊ စောင်ရေ ၁၄ စောင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ ၉ ခု၊ စောင်ရေ ၉ စောင် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ အပါအဝင် ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေ ထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) မှ online စနစ်ဖြင့် (CA ထောက်ခံချက်ဖြင့် လျှောက်ထားမှုနှင့် ကုမ္ပဏီကိုယ်တိုင်လျှောက်ထားမှု) မှတ်ပုံတင်ပေးပြီးဖြစ်သည့် လုပ်ငန်းများစာရင်းအား GACC ၏ Website: https://ciferquery.singlewindow.cn/ ၌ ဖော်ပြထားရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့အထိ စုစုပေါင်းစောင်ရေ ၁၁၄၁ စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။ Manual စနစ်ဖြင့်မှတ်ပုံတင်ပြီးသည့်စာရင်းများကို GACC ၏ Website: http://dzs.customs.gov.cn/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ဆောင်ရွက်နိုင်ရန် သိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနှင့် အီးမေးလ်တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

 

                                                                             GACC, ရုံးလုပ်ငန်းအဖွဲ့

                                                                           ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

                                                                      မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

                                                            ဖုန်းအမှတ်-၀၆၇-၃-၄၀၈၆၀၅, ၀၆၇-၃-၄၀၈၆၁၇

                                                                   Email: [email protected]

 

Category: Local News